ငပုတောမြို့၌ Supersun (41) နေကြာမျိုးစေ့ စိုက်ပျိုးနေမှုအား တာဝန်ရှိသူများကကွင်းဆင်း ကြည့်ရှု

ငပုတော နိုဝင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား စေရေး ကော်မတီဥက္ကဌ ဦးကျော်သူနှင့်တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၉ရက်နေ့ ညနေပိုင်းက လိပ်ချောင်းကျေးရွာအုပ်စု တောင်သူ ဦးဇော်ဝင်း၏ လယ်မြေတွင် Supersun 41 နေကြာ( ၃.၈၉) ဧက စိုက်ပျိုးနေမှုနှင့်တောင်သူ ဦးအောင်သူ၏ လယ်မြေတွင် Supersun 41နေကြာစံပြကွက် (၁၀)ဧကစိုက်ပျိုးနေမှုအားကြည့်ရှုအားပေးကာ အပင်များအောင်မြင်ဖြစ်ထွန်းစေရေး အထူးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားစေရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နွေစပါး သီးထပ်စိုက်ပျိုးနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး Solar စနစ်ဖြင့် ရေသွင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)