မုံရွာမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

မုံရွာ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် မြန်မာနိုင်ငံပြည်သူ့ကျန်းမာ ရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုလှုပ်ရှားမှုအဖြစ်  အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ဒေါနခြံရပ်ကွက်နှင့် မြဝတီရပ်ကွက်တို့ရှိ ဆေးပေးခန်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ) ဆုံဆို့ကြက်ညာ၊ မေးခိုင်၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာဗိုင်းရပ် ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်ဂျိုက်သိုး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ပိုလီယိုရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံ ပေးနေကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)