စစ်ကိုင်း နိုဝင်ဘာ ၃၀
စစ်ကိုင်းခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ရုံးသုံးကွန်ပျူတာ သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ(၂၉)ရက်၊ မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းနည်းပြဆရာ နှင့် ခရိုင်ပြန်/ဆက်ဦးစီးဌာနတို့အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ သင်တန်းနည်းပြ ဆရာက သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသား/ သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံပေးခဲ့သည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ(၅)ရက်နေ့မှ စတင်၍ စစ်ကိုင်းခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအောက်ရှိ စစ်ကိုင်း၊ မြင်းမူ၊ မြောင် မြို့နယ်များမှ သင်တန်းသား(၁၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်