မော်လိုက် နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းထူးချွန်သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်ကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက သင်တန်းတွင်ထူးချွန်သူ(၅)ဦးကို ဒေသဖွံ့ဖြိုးရေး သုံးပစ္စည်းများပေးအပ် ချီးမြှင့် ခဲ့ကြသည်။ ယင်းနောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာကြသည့်ဧည့်သည်တော်များနှင့် သင်တန်းသားများအတူတကွ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။
မော်လိုက်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း ကျင်းပပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက် နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်သင်တန်းကို အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေသည့် စိတ်ကူးဉာဏ်ဖြင့် ပုံစံအမျိုးမျိုးဖန်တီးချုပ် လုပ်နိုင်စေရန်လည်းကောင်း၊ စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ပြီးတစ်ဖက်တစ် လှမ်းမှမိသားစု ဝင်ငွေရရှိရန်စသည့် ရည်ရွယ်ချက်များဖြင့် စက်ချုပ်နည်းသင်တန်းနှင့် မွမ်းမံစက်ချုပ် နည်းသင်တန်းများကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ (၁၁)ဦးတက်ရောက်ခဲ့ကြောင်း၊ ၎င်းသင်တန်းသား များထဲမှထူးချွန်သင် တန်းသား(၅)ဦးအား တစ်ဦးလျှင် အပ်ချုပ်စက်၊ ဓါးစက်၊ ဘီတင်စက်များနှင့် ဆက်စပ်ပစ္စည်း(၃)မျိုးတို့ ကိုထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းခရိုင်ဦးစီးမှူးထံမှသိရသည်။
ခရိုင်ပြန်/ဆက်