ဝါးခယ်မ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ် အေးချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ ဌာနဆိုင်ရာအကြီးအကဲများဦးဆောင်သော စစ်ကြောင်းကြီးငါးကြောင်းမှ တာဝန်ရှိသူများသည် ၎င်းကျေးရွာရှိဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးအစီအမံများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာနေပြည်သူများ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ ကိစ္စရပ်များအား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန်လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများမှ လိုအပ်သောတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)