ဒေးဒရဲ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂၄ နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးပိုစတာစိုက်ထူခြင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၄ နာရီ Helpline ဝန်ဆောင်မှု အသိပညာပေးပိုစတာတွင် ပဋိပက္ခဖြစ်စဉ်အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှု၊ ကျားမအခြေပြု အကြမ်းဖက်မှု၊ ကလေးသူငယ်၊ မသန်းစွမ်း၊ သက်ကြီးရွယ်အိုကိစ္စရပ်များ တိုင်ကြားမှုကို ဥပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေး အကူအညီပေးသွားမည့် အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်စိုက်ထူရာတွင် မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးမော်နှင့် အဖွဲ့ဝင်များက ၂၄ နာရီ Helpline ဝန်ဆောင်မှု အသိပညာပေး ပိုစတာများ စိုက်ထူခဲ့ကြကြောင်း သိရသည်။
အေဇာလင်း