နတ်တလင်း နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည်ဖြစ်၍ ယခုချိန်တွင် မိုးစပါးရိတ်သိမ်းချိန်ဖြစ်ပြီး၊ ဆောင်းသီးနှံစိုက်ပျိုးကာလဖြစ်သောကြောင့် ပန်းတိုင်အထွက်နှုန်းတိုးစိုက်ပျိုးရန် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း စသည့်သီးနှံများအား အဓိကထားစိုက်ပျိုးရမှာဖြစ်ကြောင်း မွေးမြူရေးနှင့်ပတ်သက်၍ တိရိစ္ဆာန်သန်းခေါင်စာရင်းများ ကောင်ယူနေကြောင်း၊ မြို့နယ်အတွင်း (အသား)ဖူလုံမှု့၊ (ဥ)ဖူလုံမှု့၊ (နို့)ဖူလုံမှုရှိစေရန် အမြဲလေ့လာဆောင်ရွက်နေကြောင်း၊ နွား၊ ကျွဲ၊ ဝက်၊ ကြက်၊ ဘဲ စသည့်တို့အား ပိုမိုတိုးတက်အောင် မွေးမြူစေလိုကြောင်း၊ တည်ဆောက်ရေးကိစ္စများအား ပွင့်လင်းရာသီဖြစ်၍ စံချိန်မှီအဆောက်အဦးများဖြစ်အောင် ဆောင်ရွက်စေလိုကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက်ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)