ဒိုက်ဦးမြို့နယ်တွင် ဗီယက်နမ်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်ပျိုးထောင်ခြင်း လက်တွေ့သရုပ်ပြပွဲကျင်းပ

ဒိုက်ဦး နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ဗီယက်နမ်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်ပျိုးထောင်ခြင်း လက်တွေ့သရုပ်ပြပွဲကို ပျဥ်းမလွင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၄၂၆က)၊ ကုလားစုကွင်း၊ ဦးပိုင်အမှတ် (၅၂/၃)၊ တောင်သူ ဦးမြင့်အောင်၏ စိုက်ကွက်၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဇော်သိန်းနိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများတက်ရောက်၍ တောင်သူဦးမြင့်အောင်၏ လယ် ၁၀ ဧကအတွက် ဗီယက်နမ်ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်ပျိုးထောင်ခြင်း လက်တွေ့သရုပ်ပြပွဲကို အား‌ပေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)