မိုးညို နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးညိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန သွားနှင့်ခံတွင်းဆရာဝန်ပါဝင်သော ကျောင်းကျန်းမာရေးအဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းအုပ်စု၊ အ.မ.က (ငှက်ပျော်ထုံး-၂)၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးနှင့်ပတ်သက်သည့် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်စရာများကို ကျောင်းသား၊ ကျောင်းသူကလေးများအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် သွားနှင့်ခံတွင်းဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက သွားတိုက်ရာတွင် နည်းစနစ်မှန်ကန်စေရေးအတွက် စနစ်မှန် သွားတိုက်နည်း သရုပ်ပြလေ့ကျင့်ပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ အကြားအာရုံစစ်ဆေးပေးခြင်း၊ BMI တိုင်းတာစစ်ဆေးခြင်း၊ သံဓါတ်အားဆေး တိုက်ကျွေးခြင်းများ ဆောင်းရွက်ခဲ့ပြီး သွားတိုက်ဆေးနှင့် သွားတိုက်တံများ၊ Vitamin syrup များ ပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)