မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အုတ်တွင်းမြို့၌ ကျင်းပ

အုတ်တွင်း နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အကြိမ် (၈၀)မြောက် မြို့နယ်လုံးဆိုင်ရာဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးလမ်းရပ်ကွက် ဘုန်းတော်တိုး ဘုန်းတော်ပွင့် ဘုန်းတော်တင့် ဘုန်းတော်မြင့်စေတီတော်မြတ်ကြီးရှေ့၌ ကျင်းပသည်။

အဆိုပါ မြို့နယ်လုံးဆိုင်ရာဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ သံဃာတော် (၁၁၁)ပါးနှင့် သီလရှင်အပါး (၇၀)တို့အား အုတ်တွင်းတပ်နယ် တပ်ရင်းတပ်ဖွဲ့မိသားစုများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာစေတနာရှင်ပြည်သူများ စုပေါင်း၍ မဲရုံပေါင်း (၆၀)ဖြင့် စုစုပေါင်း လှူဒါန်းငွေကျပ် ၁၆၇၆၆၅၀၀ တန်ဖိုးရှိ ဆွမ်းဆန်စိမ်း၊ စာရေးတံမဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးတင်ယုထံမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)