ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ပြည်သူ့ကျန်းမာရေးညီလာခံအကြို အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများအား ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့ပေါ်မူလတန်းကျောင်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ မူလတန်းအဆင့်ကျောင်းသား/သူများအား အသိပညာပေးဟောပြောခြင်းနှင့် မျက်စိရောဂါအမြင်အာရုံစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)