မြိုသစ်မြို့ရှိ သမိုင်းဝင် “လှိုင်နံ့သာ”စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မြို့သစ် နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ရှိ သာလေးသာ သမိုင်းဝင် “လှိုင်နံသာ”စေတီတော်မြတ်ကြီးတွင် တန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားခဲ့သည်။

"လှိုင်နံ့သာ"စေတီတော်မြတ်ကြီးမှာ မြိူ့သစ်မြို့၊ မင်းရပ်ကွက်တွင် တည်ရှိပြီး မြို့၏ အထင်ကရ စေတီလည်းဖြစ်သည့်အလျှောက် ဒေသခံအပေါင်းတို့က မိသားစုအလိုက် လာရောက်ဖူးမြှော်ကုသိုလ်ပြုလေ့ရှိသောကြောင့် အထူးစည်ကားကြောင်း စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သမိုင်းမှတ်တမ်းများအရ “လှိုင်နံ့သာ” စေတီတော်မြတ်ကြီးကို ရှေးနှစ်ပေါင်းများစွာက တည်ထားပူဇော်ထားသောကြောင့် “သာလေးသာ” သမိုင်းဝင် လှိုင်နံ့သာစေတီဟူ၍ အနယ်နယ်အရပ်ရပ်၌ ထင်ရှားကျော်ကြားသော စေတီတစ်ဆူဖြစ်သည်။

တန်ဆာင်မုန်းလပြည့်‌နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် သာမညဖလအခါတော်နေ့ဖြစ်သည့်အ‌လျှောက် "လှိုင်နံ့သာ"စေတီတော်အပါဝင် မြို့သစ်မြို့နယ်အတွင်းရှိ ဘုရားကျောင်း၊ ကန်အသီးသီးတို့၌ ဆွမ်းဆန်စိမ်းလောင်းပွဲများ ကျင်းပခြင်း၊ တရားသဘင် ဆင်ယင်ကျင်းပခြင်း၊ ဘုရားရှင်အား ဆီးမီး၊ ပန်း၊‌ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ရွှေကြာသင်္ကန်းတော်များ ကပ်လှူ‌ပူဇော်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ကုသိုလ်ပြုကြသူများတို့ဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)