နတ်မောက် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ န/လက်ခုပ်ပင်ကျေးရွာတွင် ပုဂ္ဂလိကစိုက်ပျိုးရေး နည်းပညာပေးအဖွဲ့တစ်ခုမှ ဖြန့်ဝေသည့် ဂျပန်နှမ်းမျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှုရှိနေကြောင်း သိရသည်။
ပုဂ္ဂလိကစိုက်ပျိုးရေးနည်းပညာအဖွဲ့အစည်းမှ စိုက်ပျိုးရေးလုပ်ငန်းစိတ်ပါဝင်စားသူ တောင်သူအချို့နှင့် တွေ့ဆုံ၍ စိုက်ပျိုးရေးအသိပညာပေးခြင်း၊ မြေအမျိုးအစားအလိုက် ကိုက်ညီသည့်သီးနှံများစိုက်ပျိုးရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် သဘာဝမြေဩဇာအသုံးပြုုရေး၊ ပေါင်းမြက်ရှင်းလင်းရေး၊ အပင်ရှင်သန်ရန်နှင့် သီးနှံဖျက်ပိုးမွှားအန္တရာယ်ကာကွယ်ရေးတို့ကို ပညာပေးမျှဝေခဲ့ကြောင်း စိတ်ပါဝင်စားသူတောင်သူများထံမှ ကျေးရွာတစ်ရွာလျှင် (၂)ဦးနှုန်းကို မြို့ပေါ်ရုံးခွဲသို့ ခေါ်ယူကာ စာတွေ့၊ လက်တွေ့ပညာပေးကာ ကျေးရွာတောင်သူများကို လက်ဆင့်ကမ်းအသိပညာမျှဝေရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။ သင်တန်းတက်ရောက်သူ တောင်သူ (၂)ဦးမှ တစ်ဆင့်ကျေးရွာရှိ စိတ်ပါဝင်စားသူ တောင်သူများကို ဂျပန်နှမ်းမျိုးဟုခေါ်သည့် နှမ်းမျိုးသန့်ထုပ်များ ဖြန့်ဝေပြီး စိုက်ပျိုးခဲ့ရာ၂၀၂၃ အောက်တိုဘာတွင် စိုက်ပျိုးခဲ့သော အဆိုပါ ဂျပန်နှမ်းမှာ တောင်သူ မသီတာဆွေ၏ စိုက်ခင်းတွင် အောင်မြင်ဖြစ်ထွန်းနေကြောင်း အကျိုးဆောင်တောင်သူ ကိုမျိုးမင်းထိုက်က ပြောသည်။
မူမူစန်း