ဒေးဒရဲ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းတွင် ကုန်းတန်းကလေးကျေးရွာအုပ်စုနှင့် တော်ကမယ်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ငွေများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၁)စုမှ တောင်သူ (၅၂၅)ဦး၏ စိုက်ပျိုးမြေ (၄၀၁၁)ဧကအား တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ်(၆၀၁၆၅၀၀၀၀)အား ထုတ်ချေးပေးပြီးဖြစ်ရာ ကျန်ရှိသည့် ကျေးရွာများကို အချိန်မီထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို တစ်နှစ်အတိုးနှုန်း (၅%)နှုန်းဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
အေဇာလင်း