ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး၌ တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် ဆီမီးထွန်းညှိပူ​ဇော်​ခြင်းနှင့် စတုဒိသာ ကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိ

ဒေးဒရဲ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးနှင့် ဘုရားစေတီများ ဌာနဆိုင်ရာရုံးများ၊ နေအိမ်များနှင့် လမ်းများ၌ တန်ဆောင်မုန်းလပြည့်နေ့ ညပိုင်းတွင် ဆီမီးထွန်းညှိပူဇော်သူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းသူများ စည်ကားလျက်ရှိကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့သည် ဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မြို့နယ်အတွင်းရှိ ဘုရားစေတီများတွင် ဘုရားဖူးလာပြည်သူများက ​မြတ်စွာဘုရားအား ရည်မှန်း၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်များ ကပ်လှူသူများဖြင့် စည်ကားလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များရှိ ဌာနဆိုင်ရာ အဆောက်အဦများ၊ နေအိမ်များနှင့် လမ်းများတွင် ဆီမီးထွန်းညှိပူဇော်သူများ၊ ရပ်ကွက်အလိုက် စတုဒီသာ ကျွေးမွေးလှူဒါန်း ကုသိုလ်ပြုလုပ်သူများဖြင့် တန်ဆောင်တိုင်အခါသမယကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။

အေဇာလင်း