မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ကျင်းပသော (၂၉)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့ နံနက်က သမ္မသမ္ဗုဒ္ဓမြို့ဦးစေတီတော်မှ မြို့ထဲသို့ လှည့်လည်ခဲ့ကြပြီး အမှတ်(၆)ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ မြို့နယ်သံဃနာယကာရုံးတွင် နေ့လယ် (၃)နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥဋ္ဌ ဦးသီဟဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များက ရှေးဦးစွာ နတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ပုညဝဎ္ဓုနပရိယတ္တိစာသင်တိုက် မဟာသဒ္ဓမ္ဇဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော် ဦးဇောတိကထံသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက ကထိန်ဉာတ်သင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ပြီး ကြွရောက်တော်မူကြသော သံဃတော် အရှင်သူမြတ်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပုညဝဎ္ဓုနပရိယတ္တိစာသင်တိုက် မဟာသဒ္ဓမ္ဇဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော် ဦးဇောတိကထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ကထိန်ဉာတ်သင်္ကန်းနှင့် ကထိန်အနုမောဒနတရားတော်နာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လုပ်ငန်းရှင်းများ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် မဟာဘုံကထိန်ပွဲတွင် ဆက်ကပ်လှူဒါန်းရာ ငွေသားတန်ဖိုးငွေကျပ်သိန်း (၁၂,၈၀၈,၆၀၀)၊ အလှူပစ္စည်းတန်ဖိုးငွေကျပ်သိန်း (၅,၄၃၉,၄၀၀) ၊ စုစုပေါင်းတန်းဖို့ငွေကျပ်သိန်း (၁၈,၂၄၈,၀၀၀) အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)