ဒိုက်ဦးမြို့တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲအခမ်းအနားကျင်းပ

ဒိုက်ဦး နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်ကစတင်ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် နှစ်ကျိပ်ရှစ်ဆူဘုရားများကိန်းဝပ်ဆံပယ်ရာ ကန်ဦးကျောင်းတိုက်တော်ကြီးရှေ့တွင် ဝါစဉ်အလိုက်ကားများပေါ်သို့ပင့်ဆောင်ပူဇော်ပြီးနောက် ဆရာတော်သံဃာတော်များက ပရိတ်တရားများရွတ်ဖတ်ပူဇော်ကြခဲ့‌ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဆန်းဦးနှင့် ဗိုလ်မှူးသက်နောင်ဦး၊ ရဲမှူးအောင်မျိုး၊ ဦးတင်ထွဋ်မြင့်နှင့်လဝကဦးစီးမှူးဦးကျော်စိုးမိုးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးပြီးနောက် သတ်မှတ်လမ်းကြောင်းများအတိုင်း လှည့်လည်ပူဇော်ခဲ့သည်။

ယခုနှစ်တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲ ၁၀၁ ကြိမ်မြောက်ကျင်းပခြင်းဖြစ်ကာ နောင်နှစ်များတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ကိုသိရသည်။

မြို့နယ်(ပြန်/ဆက်)