ပေါက်ခေါင်း နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲကို ယနေ့နေ့လယ်(၁)နာရီအချိန်က အ.ထ.က(ပေါက်ခေါင်း)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်က မီးလောင်ရခြင်းအကြောင်းအရင်းများ၊ မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားရာတွင် စိတ်လှုပ်ရှားမှုမရှိဘဲ မီးငြိမ်းသတ်ပုံ၊ မီးငြိမ်းသတ်နည်းများ၊ ရေဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်များနှင့် လိုက်နာရမည့် အချက်များကို ပြောကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)