ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်းလတ်ကျေးရွာရှိ ဆိုလာ550W (၆) ချပ်နှင့် မြစ်ရေတင်ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း(၆၀၀ပေ) ပိုက်လိုင်းနှင့် ဂါလံ (၅၀၀၀) ဆံ့အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်း (၁၅) ပေ၊ (၁၀) ပေ၊ (၆) လက်မတို့အား ၂၀၂၃ - ၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ယင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ခွင့်ပြုရန်ပုံငွေကျပ် (၁၅.ဝ) ကျပ်သန်းအသုံးပြု၍ ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးရွာသူ/သားများက ( ၂၅-၉-၂၀၂၃) ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှုးဦးကျော်ဇေယျထံမှ သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု (၁၄၀) စုနှင့် လူဦးရေ (၅၃၀) ဦးအတွက် ရေရရှိမှုအဆင်ပြေသွားပြီဖြစ်ကြောင်းသိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)