အောင်လံမြို့၌ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချ

အောင်လံ အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍  ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကိုယ်တိုင် စိုက်ပျိုး၊ ထုတ်လုပ်မွေးမြူသူများ၏ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခြင်းကို ယမန်နေ့နံနက် ၇ နာရီက မြိုနယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ အောင်လံမြို့နယ် ဆီကုန်သည်များ အသင်းတို့က မြို့နယ်အတွင်းရှိ ပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်တစ်ပြည်(၂၅၀၀)နှုန်း၊ စားသုံးဆီ တစ်ပိဿာ(၄၇၀၀)နှုန်း၊ ကြက်ဥဆယ်လုံး(၂၃၀၀)နှုန်း၊ ကြက်သားတစ်ပိဿာ(၁၀၀၀၀)နှုန်း၊ ဆိတ်သား တစ်ပိဿာ(၁၆၀၀၀)နှုန်း၊ ဝက်သားတစ်ပိဿာ (၁၂၀၀၀)နှုန်း စသည့် အခြေခံစားကုန်များကို သက်သာသောဈေးနှုန်းဖြင့် တစ်ပတ်လျှင်တစ်ကြိမ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်မင်းမောင်