နတ်မောက် အောက်တိုဘာ ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံ မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဈေးရပ်ကွက် ဘုရင့်နောင်လမ်း(ဘူတာသစ်လမ်း) ရေထွက်ပေါက်နှင့် ရေလမ်းကြောင်းတစ်လျှောက် ရေစီးဆင်းမှု အခြေအနေတို့ကို အမှုဆောင်အရာရှိမှ တာဝန်ခံအင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မိမိ မြို့နယ်အတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ ရေညစ်ညမ်းမှုများကြောင့် ခြင်ပေါက်ပွားမှုများ မဖြစ်ပေါ်စေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေတို့အတွက် အလေးထားဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရေသွားလာမှုအား တိုးချဲ့ပိတ်ဆို့ထားမှုအပေါ် ဖယ်ရှား၍ ရေးစီးရေလာကောင်းမွန်သည့် မြေသားရေနုတ်မြောင်းကို အဖွဲ့ပိုင်စက်ယန္တရားဖြင့် တူးဖော်ပြီး ရေပြွန်ထည့်သွင်းခြင်းလုပ်ငန်းများကို တာဝန်ခံအင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း