ကြံခင်းမြို့နယ်တွင် စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကြံခင်း အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကုန်အညွှန်းအမှတ်အသားများအား သိရှိလိုက်နာမှုရှိစေရန်  ရည်ရွယ်ပြီး  မြို့နယ် စားသုံးသူရေးရာ အသိပညာပေး  ဟောပြောပွဲ ကို ယနေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါ မြို့နယ်(တာဝန်ခံ)ရုံးတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေး ဟောပြောခြင်းကို ကြံခင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ (တာဝန်ခံ) ဦးကျော်နိုင်ဝင်းက  ကုန်စည်အုပ်စု၊  ကုန်အညွှန်းအမှတ်အသားများ၊  ပြုပြင်မွမ်းမံပြီး/ ပြုပြင်ပြောင်းလဲပြီး ရောင်းချမှုများနှင့် ပတ်သက်သည့် အချက်များ၊ တားမြစ်ထားသည့် ကုန်အညွှန်း အမှတ်အသားများနှင့် ကုန်ညွှန်းအမှတ်အသားဆိုင်ရာအချက်များအား အသိပညာပေး ဟောပြောသည်။

ဟောပြောပွဲသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ (တာဝန်ခံ) ဦးကျော်နိုင်ဝင်း၊ မြို့ပေါ်ရပ်ကွက်များရှိ လုပ်ငန်းရှင်နှင့် ပြည်သူများ တတ်ရောက် ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)