ရေနံချောင်းမြို့ အ.ထ.က(ခွဲ)ဝက်ချုပ်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရေနံချောင်း အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်များဗလငါးတန်းနှင့်ပြည့်ဝစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို အောက်တိုဘာလ ၆ ရက်နေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)ဝက်ချုပ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ချိုမီအောင်က လူငယ်ရေးရာနှင့်ပတ်သက်၍ ကျောင်းသားကျောင်းသူများအနေနဲ့ ငယ်စဉ်အခါ ပညာရှာဆိုသည့်အတိုင်း ကျောင်းသင်ခန်းစာများနှင့် ပြင်ပဗဟုသုတများရရှိစေမည့် စာအုပ်စာပေများကို ကြိုးစားအာထုတ်လေ့လာသင်ယူဖတ်ရှု့ကြဖို့လိုကြောင်း၊ အကောင်းအဆိုးအမှားအမှန် ဝေဖန်ခွဲခြားနိုင်ဖို့ဆိုရင် အသိပညာဗဟုသုတများစွာရှိရမည်ဖြစ်ပြီး အသိပညာဗဟုသုတများသည်လည်း စာအုပ်စာပေများတွင် အများဆုံးတွေ့ရှိရမည်ဖြစ်ကြောင်း၊ လမ်းမှားကိုရောက်ရှိနိုင်သည့် အဆိပ်အတောက်ဖြစ်စေမည့် စာအုပ်စာပေများကိုလည်း ရှောင်ရှားရမည်ဖြစ်ကြောင်း၊ နိုင်ငံ့သားကောင်းရတနာများ၊ လူတော်လူကောင်းများဖြစ်လာစေရန်အတွက် အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံတဲ့ ကျောင်းသားကျောင်းသူများဖြစ်လာစေရန် စာအုပ်စာပေများများဖတ်ရှုလေ့လာကြဖို့ အသိပညာပေးဟောပြောသည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သုတ၊ ရသစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပသခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်