ပေါင် အောက်တိုဘာ ၈
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် (၁၀) နာရီက မုတ္တမကျေးရွာ မဂ္ဂဒူးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်က အမှာစကားပြောကြားပြီး Commcare application ကို အသုံးပြုကာ Mobile Phone တွင် မှန်ကန်စွာ ထည့်သွင်းအသုံးပြု၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းနှင့် စာရင်းရေးသွင်းရာတွင် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် စသည့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် ပို့ချခဲ့ရာ မုတ္တမကျေးရွာအုပ်စုရှိ အိမ်ခြေ (၁၀၀)၊ အိမ်ထောင်စု (၁၂၅)စုကို လက်တွေ့စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါ သင်တန်းကို စာရေးဝန်ထမ်းနှင့် စာရင်းကောက်မည့် ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၁)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)