ကျိုက်မရော အောက်တိုဘာ ၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုကိပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၆ ရက် နံနက် ၁၀ နာရီက စတင် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ်ချေးငွေများ စတင်ထုတ်ပေးခြင်းအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ရေးဘက် ပြည်နယ်မန်နေဂျာ ဒေါ်စောစန္ဒာဝင်းကအမှာစကားပြောကြားရာ၌ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် အချိန်မီ စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ အတိုးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးစရိတ်များကို ထုတ်ပေးလျက်ရှိကြောင်း၊ ယနေ့တွင် မွန်ပြည်နယ် ဆယ်မြို့နယ်၌ ချေးငွေအစောဆုံး အပြေအကြေပေးဆပ်နိုင်သော ကျိုက်မရောမြို့နယ်အတွင်းရှိ အထရံပေါလောကျေးရွာရှိ တောင်သူ(၃၅)တို့အား စိုက်ဧက ၂၇၆ ဧကအတွက် ချေးငွေ ၃၉၃၅၀၀၀၀ ကျပ်ကို စပါးသီးနှံ တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲကျပ်နှုန်း၊ နေကြာသီးနှံနှင့် ပဲမျိုးစုံတစ်ဧကလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်တွင် ဆောင်းသီးနှံ ချေးငွေထုတ်ချေးမည့် ကျေးရွာ ၁၂ ရွာ၊ တောင်သူ (၁၈၆)ဦးတို့အတွက် စုစုပေါင်းချေးငွေ (၁၁၅၀.၀၀) သိန်းအား လျာထားပြီး ချေးငွေများကို ဘဏ်ဖွင့်ချိန်အတွင်း တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးမင်းသက်စံထံမှ သိရသည်။
ကျိုက်မရော(ပြန်/ဆက်)