သာပေါင်း အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူ ခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ပြည်အေးခန်းမ၌ ဖွင့်လှစ်ကျင်းပခဲ့ သည်။
၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက် တက်ရောက်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာကျော်လင်းမှ သင်တန်းတက်ရောက် လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၅) အုပ်စုမှ စာရေးဝန်ထမ်းများအား စာရင်းကောက်ယူရမည့် ပုံစံ၊ မေးမြန်းဖြည့်သွင်းရမည့် အချက် အလက်များ၊ စာရင်းကောက်ယူမည့် အချိန်ကာလတို့ကို အသေးစိတ်ရှင်းလင်း သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်