အုတ်တွင်း အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ စိုက်ပျိုးရေး ၊မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီကဦးဆောင်၍ မြို့နယ်အတွင်း မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အထွက်ကောင်းမျိုးများ ပြည်သူလက်ဝယ်အရောက် ပေးအပ်ခြင်းနှင့် နည်းပညာဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဂွေးတောက်ခင်ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းဝင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါနည်းပညာဆွေးနွေးခြင်းနှင့် မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲ အထွက်ကောင်းမျိုးများ ပေးအပ်ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက တောင်သူများနှင့်တွေ့ဆုံကာ မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် နည်းပညာများ ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများက သိရှိလိုများမေးမြန်းခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များမှ အပြန်အလှန်ဆွေးနွေးပေးခဲ့ပါကြောင်း၊ မြေပဲ၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံ အထွက်ကောင်းမျိုးများအား ပြည်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း စိုက်ပျိုးရေး ၊မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)