မြောင်းမြမြို့ အ.ထ.က (၁) ကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

မြောင်းမြ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာ ခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ဖတ်ကြားပြီးနောက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့  ၅ ဖွဲ့ ၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်း သဝဏ်လွှာကို  တာဝန်ခံမြို့နယ်ပညာရေးမှူးက ဖတ်ကြားသည်။ 

ထို့နောက်  တာဝန်ထမ်းဆောင် အငြိမ်းစားယူသွားခဲ့ကြသည့် အသက် ၇၀ နှစ်နှင့်အထက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး၊ စုစုပေါင်း (၁၁၄) ဦး မှ အခမ်းအနားသို့ တက်ရောက်လာသော ဆရာကြီး၊ ဆရာမကြီး ၈၉ ဦးအား  ကျောင်းသား ကျောင်းသူဟောင်းများက  ပူဇော်ကန်တော့ကြပြီး ကန်တော့လက်ဆောင်များဖြစ်သော ဆီတစ်ပိသာ ၊ ငွေ ၅,၀၀,၀၀ ကျပ်အား  ပေးအပ်ပါသည်။ ဆက်လက်ပြီး ကန်တော့ခံ ဆရာကြီး ဦးဝင်းစိန်နှင့်  ဆရာမကြီး ဒေါ်တင်အေး တို့က ဆုံးမသြဝါဒ စကားများ မြွက်ကြားချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက် (မြောင်းမြ)