ပန်းတောင်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အ.ထ.က (ပန်းတောင်း) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အ.ထ.က (ပန်းတောင်း)ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် ဖျော်ဖြေဂုဏ်ပြုပြီး မြို့နယ်ပညာရေးမှူးကိုယ်စား တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးသန်းထွဋ်မှ ဂုဏ်ပြုစကားပြောကြားခဲ့ကာ အသက် (၇၀) အထက် ဆရာကြီး/ ဆရာမကြီးများအား ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကန်တော့ခံ ဆရာကြီး/ ဆရာမကြီးများမှ သြဝါဒစကားချီးမြင့်ခဲ့ပြီး ကမ္ဘ့ာဆရာများနေ့ အထိမ်းအမှတ်မြို့နယ်အဆင့်နှင့် ကျောင်းတွင်းအထက်တန်း၊ အလယ်တန်းဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)