နတ်မောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက် အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအဖြစ် မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာများနှင့် အခြေခံပညာ ကျောင်းများသို့  စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ အောက်တိုဘာ ၄ ရက်နေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း(အောင်ဆန်း)တွင် ရွှေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်များ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ပေါ်တွင် ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ စာအုပ်စာပေကို ချစ်မြတ်နိုးစေရန်၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် သုတ/ရသစာအုပ်များနှင့် ကလေးငယ်များ ကြိုက်နှစ်သက်သော ပုံပြင်စာအုပ်များနှင့် ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်းကြိုက်နှစ်သက်သူများအတွက် မဂ္ဂဇင်းစာအုပ်များ၊ ဝတ္တုစာအုပ်များအား စုံလင်စွာငှားရမ်းပေးခဲ့သည်။နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက စာဖတ်ပရိသတ်များနှင့် ကျောင်းသား/သူများကို အားလပ်သောအချိန်များတွင် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် စိတ်အပန်းဖြေစေရန်နှင့် အသိပညာဗဟုသုတများစွာရရှိစေရန်၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ အရောက်သွား၍ စာအုပ်စာစောင်များကို ရက်သတ္တပတ်နှစ်ပတ်လျှင် တစ်ကြိမ် စာအုပ်အသစ်များလဲလှယ်၍ ငှားရမ်းပေးလျက်ရှိသည်။

 လှဝင်း