(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေးဒရဲမြို့၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဒေးဒရဲ   မတ်  ၂၇

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က (၇၈) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေးဒရဲမြို့ အမှတ်()ရပ်ကွက်၊ အောင်မင်္ဂလာကွက်သစ် တပင်ရွှေထီးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ  အခမ်းအနားကို ယနေ့နံနက် () နာရီအချိန်က အဆိုပါ တပင်ရွှေထီးလမ်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသက်နိုင်၀င်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် () ဦးနိုင်ဦးလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနား သို့ တက်ရောက်လာကြသော တာ၀န်ရှိသူများက ကွန်ကရစ်လမ်းတစ်လျှောက်အား ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။

အဆိုပါ တပင်ရွှေထီးလမ်းသည် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဘဏ္ဍာရန်ပုံငွေကျပ် (၁၇.၆၀၃၉) သန်းနှင့် ပြည်သူလူထုထည့်၀င်ငွေ ကျပ် (၁၇.၆၀၉) သန်း စုစုပေါင်း (၃၅.၂၀၇၈) သန်းဖြင့် ၂၀၂၃ ဇန်နဝါရီလ ၄ ရက်နေ့က စတင် ဆောက်ရွက်ခဲ့ပြီး လမ်းအရှည် (၁၁၄၀) ပေ၊ အကျယ် (၁၀) ပေ၊ ထု () လက်မရှိ ကွန်ကရစ်လမ်း အမျိုးအစားဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်န၀ါရီ ၂၉ ရက်နေ့တွင် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

အေဇာလင်း