ညောင်လေးပင် မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အခြေခံပန်းချီ၊ ကာတွန်းရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားအား ယနေ့နံနက်(၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းနာယက ဒေါက်တာမြင့်သန်း-ညောင်လေးပင်မှ သင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သင်တန်းမှူး ဦးစိုးဝင်း(မောင်စုမြင်-ညောင်လေးပင်)မှ ဆုရွေးချယ်မှုစည်းမျဥ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းမှူး ဆရာများအား မေတ္တာလက်ဆောင်များပေးအပ်ခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသော သင်တန်းသူ သင်တန်းသားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲနှင့်ဆုပေးပွဲအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မွန်းနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းနာယကနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)