မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်နေသော ဆိုလာ‌ရေတင်စနစ်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဒိုက်ဦး မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွန်းနှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက နတ်ကင်းကျေးရွာအုပ်စု၊ ကြီးပေါင်းစုကျေးရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အတွက် ဆောင်ရွက်နေသော ဆိုလာ‌ရေတင်စနစ်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါရေတင်စနစ်သည် 2.4 KWSolar(1.5)KW (2Hp)ပန့်၊ ပိုက်ပျော့(၆၀၀)ပေဖြင့်နွေ စပါးစိုက်ပျိုးရေရရှိရန်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)