မြန်အောင် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ ငါးဘတ်ကျ ကျေးရွာအုပ်စု၊ ငှက်ကြီးကွင်း ကျေးရွာအုပ်စု တို့တွင် ယမန်နေ့က မြန်အောင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲများကို နံနက်ပိုင်းတွင် ငါးဘတ်ကျကျေးရွာအုပ်စု ကန်ပဲ့ကျေးရွာ ရန်အေး မူလတန်းကျောင်းနှင့် နေ့လယ်ပိုင်းတွင် ငှက်ကြီးကွင်းကျေရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တို့တွင် ဒေသခံကျေးရွာပြည်သူများနှင့် တွေ့ဆုံ၍ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ကျေးရွာတွင်း လမ်းတံတားကောင်းမွန်ရေး၊ကာကွယ်ဆေးထိုးနှံရေး၊ နိုင်ငံသားစိစစ်ရေးလက်မှတ်၊ အိမ်ထောင်စုစာရင်း ဆောင်ရွက်ခြင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ် တကျ လိုက်နာရေး၊ ကျေးရွာလမ်းများ သန့်ရှင်းသာယာ လှပရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး ငှက်ကြီးကွင်းကျေးရွာအတွက် 350 W ဆိုလာ လျှပ်စစ်မီးနှစ်လုံး ပေးအပ်လှူဒါန်းခဲ့ပြီး ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတား စသည့် ဒေသခံပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)