၂၀၂၂-၂၀၂၃ ပညာသင်နှစ် စေတုတ္တရာမူလတန်းကြိုကျောင်း ကျောင်းဆင်းပဒေသာကပွဲ အခမ်းအနားကျင်းပ

စေတုတ္တရာ  မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၊ မူလတန်းကြိုကျောင်းတွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်က ကျောင်းဆင်းပဒေသာ ကပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် စေတုတ္တရာမြို့နယ် ပညာရေးမှူး ဦးသန်းမြိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မိုးညွန့်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက်နှင့် မူလတန်းကြို ကျောင်းအုပ် ဒေါ်ဖြိုးဖြိုးဝေတို့မှ ကျောင်းဆင်းဂုဏ်ပြု လက်မှတ်များ အသီးသီးချီးမြှင့်ခဲ့ကြပြီး ‌မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးများမှ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

တင်မိုးညွန့် -ပြန်/ဆက်