ဒေးဒရဲမြို့ မူလတန်းကြိုကျောင်းတွင် ပဒေသာကပွဲနှင့် ECCD (Certificate) ပေးအပ်ပွဲကျင်းပ

ဒေးဒရဲ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၏ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်ပဒေသာကပွဲနှင့် ECCD (Certificate) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ဒေးဒရဲမြို့နယ် မူလတန်းကြိုကျောင်း ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ မူလတန်းကြိုကျောင်းတွင် ပဒေသာကပွဲနှင့် ECCD (Certificate)ပေးအပ်ပွဲ ကျင်းပရာတွင် ဖျာပုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မူလတန်းကြိုပညာ သင်ကြားတတ်မြောက်ပြီးသော ရင်သွေးငယ်လေးများအား ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးခိုင်နှင့် တာဝန်ရှိသူများက ရင်သွေးငယ်လေးများအား ECCD (Certificate)လက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ဒေးဒရဲမူလတန်းကြိုကျောင်းရှိသားငယ်သမီးငယ်‌လေးများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။၊ အဆိုပါ အခမ်းအနားသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ဒေးဒရဲမူလတန်းကြိုကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘဆရာအသင်းမှ အမှုဆောင်ကော်မတီဝင်များနှင့် ဖိတ်ကြားထားသော ဧည့်တော်များ တက်ရောက်ကြပြီး၊ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦးအား ECCD (Certificate)လက်မှတ်များ ပေးအပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

အေဇာလင်း