ပန်းတနော် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေးတို့အတွက် သဘာဝ မြစ်ချောင်းရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းဂရုကျေးရွာအုပ်စု ဗောဓိချောင်းအတွင်းသို့ ငါးသားပေါက် ကောင်ရေငါးသိန်း စိုက်ထည့် ပေးခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စစ်လင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်မာမာဆွေနှင့် ဝန်ထမ်းများ၊ မွေးမြူရေးသုတေသနဦးစီးဌာန ပသွယ်စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေလုပ်သားများက မင်းဂရုကျေးရွာအုပ်စု ဗောဓိချောင်းအတွင်းသို့ ငါးမြစ်ချင်းကောင်ရေ ၃ သိန်း၊ ငါးခုံးမကြီးကောင်ရေ ၂ သိန်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၅ သိန်း စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)