ညောင်တုန်းမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ညောင်တုန်း မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အားကစားဆိုင်ရာ အသိပညာပေး Talk Showကို ယနေ့နံနက် ၁၀နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စုစုခင်တို့က Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ရှေ့လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အားကစား၏ အဓိပ္ပါယ်နှင့် အားကစားဆိုင်ရာ သိကောင်းစရာများ၊ အားကစားနှင့်ကာယပညာသိပ္ပံ‌ တက်ရောက်ရန်အတွက် ရှိရမည့် အရည်အချင်းများ၊ ရရှိနိုင်သည့် အကျိုးကျေးဇူးများစသည့် အားကစားဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ဆွေးနွေး ပြောကြား ခဲ့ကြောင်းသိရသည်။

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)