သရက် မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆေးဝါးရောင်းချမည့်ဆေးဆိုင်အား သတ်မှတ်စည်းကမ်းချက် နှင့်အညီရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်(၁၀)နာရီကသတ္တဌာန ဘုရားလမ်း အနောက်ရပ်မြောက်ပိုင်းရပ်ကွက်ရှိ (အောင်)ဆေးဆိုင်အား ကွင်ဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ FDA မှ ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဆေးဆိုင်တွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)