ကဝမြို့နယ် မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုရှိစေရေးအတွက် ပိုးသတ်ဆေး(ခြံဖြန်းဆေး)ဖြန်းခြင်းလုပ်ငန်းဆောင်ရွက်

ကဝ မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မွေးမြူရေးခြံများတွင် ဇီဝလုံခြုံမှုရှိစေရေးအတွက် ပိုးသတ်ဆေး(ခြံဖြန်းဆေး)များ လိုက်လံ ဖြန်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကဝမြို့နယ်၊ မုဒုကျေးရွာရှိ စိုင်းသန်းထွန်း၏ ဥစားကြက်မွေးမြူရေးခြံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဥိးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်ဇာနည်အောင်က မွေးမြူရေးခြံများ ဇီဝလုံခြုံမှုကောင်းမွန်ပြီး ကူးစက်ရောဂါများ မပြန့်ပွားစေရန်နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခြံဖြန်း ပိုးသတ်ဆေးများ ဖြန်းပေးခြင်းဖြစ်ကြောင်းနှင့် ပိုးသတ်ဆေးအသုံးပြုပုံပြုနည်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်ကြက်မွေးမြူကြသည့် မွေးမြူရေးခြံများကို ပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခဲ့ပြီး မွေးမြူရေးသမား(၅)ဦးအား ခြံဖြန်းဆေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါခြံဖြန်းပိုးသတ်ဆေးများ လိုက်လံဖြန်းပေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)