မင်းလှ မတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်မွေး မြူရေးနှင့်ကုသရေး ဦးစီးဌာနက ပိုးသတ်ဆေးဖြန်းခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ မွေးမြူရေးခြံများတွင်(Vircon)ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံပတ်ဖြန်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
ပိုးသတ်ဆေးဖြန်းပေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါက်တာရွှေရည်လဲ့နှင့် ဝန်ထမ်းများကရပ်ကွက်/ ကျေးရွာများအတွင်းရှိ မွေးမြူရေးခြံများ၌ မွေးမြူရေးခြံပိုင်ရှင်များကို တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သောရောဂါများ ကူးစက်မှုမဖြစ်ပေါ်စေရေးနှင့် မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပိုးသတ်ဆေးများလိုက်လံဖြန်းပေးခြင်းဖြစ်ကြောင်း၊ ပိုးသတ်ဆေးအသုံးပြုပုံ၊ အသုံးပြုနည်းများအား ရှင်းလင်းပြောကြားပေးပြီး နွား၊ ကြက်၊ ဝက်၊ဆိတ် မွေးမြူကြသည့် မွေးမြူရေးခြံများ၌ (Vircon) ခြံဖြန်းပိုးသတ်ဆေးများ လိုက်လံပတ်ဖြန်းပေးခဲ့ ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)