ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသေးစား စက်မှုလက်မှု လုပ်ငန်းဆိုင်ရာ သိကောင်းစရာများ Talk Show ကျင်းပ

ကလေး မတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကလေးခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ သိကောင်းစရာများ Talk Show ကို ယနေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ပြည်သူများအသိပညာဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် Talk Show ကျင်းပရခြင်းနှင့်ပတ်သက်၍ ဦးစွာ ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဝင်းက ဌာနအနေဖြင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြည်သူအကျိုးပြုနည်းပညာလွှဲပြောင်းခြင်း သင်တန်းများ အခမဲ့သင်ကြားပေးခြင်း၊ ဓါတ်ခွဲစမ်းသပ် စစ်ဆေးပေးခြင်း၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် သင်တန်းများ ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများအသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားနိုင်စေရန်အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ စာပေမြတ်သူနိုးသူများဖြင့် စာဖတ်ဝိုင်း၊ အသိပညာပေး ဆွေးနွေးများနှင့် သင်တန်းများကို အပတ်စဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)