ကျွန်းလှ မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စစ်ကြောင်းကြီးငါးကြောင်း အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပျဉ်းမမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးခန့်ထားရေး၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး၊ လျှပ်စစ်ဓာတ်အားခနှင့် စိုက်ပျိုးစရိတ် ကြွေးကျန်းများပေးဆောင်ရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသူများက ကတ္တရာလမ်းခင်းပေးခြင်း၊ တံတားပြုပြင်ပေးခြင်း၊ လျှပ်စစ်မီးကြိုးဆွဲပေးခြင်း၊ ရေးစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပေးခြင်းတို့ကို တင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
မျိုးဝင်းညို (ကျွန်းလှ)