ဆင်ပေါင်ဝဲ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဆင့်သင်ရိုးသစ် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့က ဆင်ပေါင်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ ယနေ့နံနက် ၉ နာရီက သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲ နောက်ဆုံးနေ့ပြီးစီးပြီ ဖြစ်သည်။
အဆိုပါ သင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းတွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဆင့် ဆရာ၊ ဆရာမများသင်ကြားမှု အရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာနိုင်စေရေး လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သင်တန်းကို အလယ်တန်း၌ နည်းပြဆရာ၊ ဆရာမ(၁၂)ဦးတို့မှ သင်တန်းသားဆရာ၊ ဆရာမ (၄၂၀)ဦးအားလည်းကောင်း၊ အထက်တန်း၌ နည်းပြဆရာ၊ ဆရာမ(၉)ဦးတို့မှ သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမ(၆၆)ဦးတို့အား သင်ကြားပို့ချ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး အခြေခံပညာမူလတန်းသင်ရိုးသစ်ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မတ် ၂၈ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းကာလ ၄ ရက်ကြာ ဖွင့်လှစ်ပို့ချဆွေးနွေးမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)