မုံရွာ မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများဦးဆောင်၍ မုံရွာမြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အသိပညာများ လက်တွေ့သိရှိပြီး လိုက်ပါဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၂၃ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ဓါတ်ခွဲခန်း ရုံးဝန်းအတွင်း ဆောင်ရွက်ထားသော ရေနည်းကာလ ရေချွေတာ စုဆောင်းနည်းစနစ်ဖြင့် ဆောင်ရွက်ထားသော ဝါသီးနှံစံပြကွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဝါမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် သစ်စိမ်းမြေဩဇာ စမ်းသပ်ကွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ တောင်သူများအား လေ့လာစေကာ သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းဆွေးနွေးကြပြီး တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားသော အိုးဘိုထောင် ရပ်ကွက်ရှိ Home Garden ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း၊ မြေပဲသီးနှံ ယူးရီးယား+လက်ချား သုံးစံပြစိုက်ခင်းနှင့် ငရုတ်သီးနှံ ဓါတုလျှော့ချ စံပြစိုက်ခင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆက်လက်လေ့လာခဲ့ကြပြီး တောင်သူများ စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးဦးဖြိုးဝေက ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ရာတွင် မုံရွာမြို့နယ်အတွင်းရှိ တောင်သူများ ရေနည်းကာလ ရေချွေတာ စုဆောင်းနည်းစနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဝါသီးနှံမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက် ဆောင်ရွက်ထားရှိမှု၊ အခြေအနေများ၊ သစ်စိမ်းမြေဩဇာ စမ်းသပ်ကွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မျိုးကောင်း မျိုးသန့်မျိုးစေ့များ၊ Home Garden ဆောင်ရွက်ထားရှိမှုနှင့် မြေပဲသီးနှံ ယူရီးယား+လက်ချား အသုံးပြုခြင်းစံပြကွက် အောင်မြင်မှုအခြေအနေနှင့် ငရုတ်သီးနှံ ဓါတုလျှော့ချ စံပြကွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား တာဝန်ရှိသူများက တောင်သူများ လက်တွေ့သိမြင်ပြီး လိုက်ပါဆောင်ရွက်လာနိုင်စေရန် ကျေးရွာ(၄)ရွာမှ တောင်သူ (၄၀)ဦးနှင့် ဝန်ထမ်း (၁၀)ဦး စုစုပေါင်း (၅၀)ဦးအား အလေးထားကွင်းဆင်း လေ့လာလာရေး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)