စလင်းမြို့နယ်တွင် စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တွေ့ဆုံ၍ ဖွံဖြိုးရေးလုပ်ငန်းများအား ​ကွင်းဆင်းကြည့်ရှု

စလင်း မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဆောင်ရွက်ထားရှိမှုများ မြို့နယ်အတွင်းသန့်ရှင်း၍ လှပစေရန် ဆောင်ရွက် ထားရှိမှုများအား မကွေးတိုင်း‌ဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်တွေ့ဆုံ၍ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က မြို့နယ်စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမဆောင်တွင် တွေ့ဆုံ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆောင်ရွက်ပြီးစီးမှု များနှင့် စည်ပင်သာယာပန်းခြံအတွင်း ဆောင်ရွက် ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ တိုင်းဒေသကြီး စည်ပင်သာယာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထင်အောင်တို့လိုက်ပါ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာ ဦးကျော်ဇေလတ်နှင့် ဒုဦးစီးမှူး ဦးဟိန်းထက်နေဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများလိုက်ပါ၍ မြို့နယ်စည်ပင်သာယာ ပန်းခြံအတွင်း သန့်ရှင်းသပ်ရပ်လှပမှုများ၊ ပန်းခြံအတွင်းအလှ စိုက်ပျိုးထားသည့် ယိုးဒယားဘဲစားမြက်စိုက်ပျိုးထားရှိမှု၊ ပျိုးဥယျာဥ်အတွင်း ပျိုးထောင်ထားရှိသည့် အလှပန်းပင်များ၊ အရိပ်ရပင်များ ပုံဖော်စိုက်ပျိုးထားရှိမှုများနှင့် ပန်းခြံအတွင်း ကလေးများဆော့ကစားစရာ ကစားကွင်းပြုပြင် မွန်းမံထားရှိမှုများ ပြည်သူများ ပန်းခြံအတွင်း အပန်းဖြေအနားယူနိုင်သည့် ထိုင်ခုံများ အလှဒီဇိုင်းများဖြင့် တီထွင်ထားရှိမှုများ စိတ်ဝင်စား‌‌အောင်ပြုလုပ် ဆောင်ရွက်ထားသည့် အရုပ်များ ပန်းခြံအတွင်း သန့်ရှင်း သပ်ရပ်အောင် ဆောင်ရွက်ထားရှိသည့် ကွန်ကရစ်လမ်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရုံး အစည်းအဝေးခန်းမဆောင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိသည် များကို ပါဝါပွိုင့်များဖြင့် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်အား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုဦးစီးမှူး ဦးဟိန်းထက်နေဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

မြို့နယ် ပြန်/ဆက်၊