စလင်း မတ်လ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စည်ပင်သာယာရေးရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် စလင်းမြို့နယ်အတွင်း သန့်ရှင်းသပ်ရပ်လှပစေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း နေ့စဥ်သန့်ရှင်းရေးပြုလုပ်ခြင်းများ၊ မြို့နယ်စည်ပင်သာယာပန်းခြံ အတွင်းအပြင်နှင့် ပန်းခြံရှေ့ရှိ ပလက်ဖောင်းများ ဆေးသုတ်ခြင်းများကို ယမန်နေ့နံနက် ၈ နာရီအချိန်မှတင်ကာ ဆောင်ရွက်ကြကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း နေ့စဥ် အမှိုက်သိမ်း ယာဥ်များဖြင့် ရပ်ကွက်များအတွင်း လှည့်လည်ကာ ခေါင်းလောင်းထိုး သတိပေးခြင်း၊ ဟန်းစပီကာများဖြင့် ဖွင့်၍ သတိပေးခြင်းများ ပြုလုပ်၍ မြို့အင်္ဂါရပ်နှင့်အညီ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိပြီး နေ့စဥ် မြို့မစည်ပင်သာယာစျေးအတွင်း သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်လျက်ရှိရာ မိုးတွင်းကာလမတိုင်မီ ရေနှုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရန် အမှိုက်သရိုက်များကို ရှင်းလင်းခြင်းနှင့် မြို့နယ်စည်ပင်သာယာပန်းခြံ အတွင်းအပြင် သန့်ရှင်းသတ်ရပ်မှု ရှိစေရန် နေ့စဥ်ဆောင်ရွက်လျက်ရှိပြီး ပန်းခြံအတွင်း စိုက်ပျိုးထားရှိသည့် ပျိုးဥယျာဥ်၌ ပျိုးထောင်ထားရှိသည့် ပန်းအလှပင်နှင့် အရိပ်ရပင်များ၊ ပန်းခြံအတွင်းရှိ ကလေးကစားကွင်းများ၊ ပန်းခြံအတွင်း ခင်းကျင်းပြုလုပ်ဆောင်ရွက်ထားသည့် ကွန်ကရစ်လမ်းများ၊ ပန်းခြံအတွင်း အနားယူနိုင်သည့် ထိုင်ခုံများ ပန်းအလှပင်နှင့် စိတ်ဝင်စားဖွယ် ပြုလုပ်ထားရှိသည့် အရုပ်များ၊ ပန်းခြံအတွင်း လေဝင်လေထွက် ကောင်းမွန်စေရန် ပြင်ဆင်ထားရှိမှုများအား ပြည်သူအများ ပန်းခြံအတွင်းအနားယူ စိတ်အပန်းဖြေနိုင်ကြစေရန် မြို့နယ်စည်ပင်သာယာ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဇေလတ်နှင့် ဒုဦးစီးမှူး ဦးဟိန်းထက်နေဝင်း၊ စျေးတာဝန်ခံ ဦးညီညီစန်းနှင့် ဝန်ထမ်းများက မြို့သန့်ရှင်း သတ်ရပ်လှပစေရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရ သည်။
မြို့နယ်(ပြန်/ဆက်)