မာန်အောင် မတ် ၂၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးကိုကိုထွေးက သင်တန်းဆင်း အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူများအား အားကစား ဝတ်စုံများ ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ နွေရာသီ အားကစားသင်တန်းကို မတ်လ ၃ ရက်မှ ၁၉ ရက်အထိ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေးတို၊ ပြေးခုန်ပစ် စသည့် အားကစားနည်း(၅)မျိုးကို သင်တန်းနည်းပြများက ကျောင်းသား/သူ(၁၂၀)ဦးအား သင်ကြားပြသခဲ့ကြကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)