အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသည့် (Parbisure) ဆေး ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေး ကံမမြို့၌ ကွင်းဆင်းစစ်ဆေး

ကံမ မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ စည်ပင်သာယာမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များတွင်  ရောင်းချနေသော အိမ်သုံး ဆေးဝါးများအနက်   အစားအသောက်နှင့်    ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏  အသိအမှတ်ပြု   DRC No. မပါရှိသည့်      Parbisure ဆေးများ ဈေးကွက်အတွင်းရောင်းချမှု မရှိစေရေး စစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန   (FDA)၊    မြို့နယ် ကျန်းမာရေးဌာနနှင့်   မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍  ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် Towards Ultimate Company Limited မှ ဂျာမဏီနိုင်ငံထုတ် Pabrinex IV/HV Injection အကြောအားဆေးအား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့်အညီ တရားဝင်တင်သွင်းရောင်းချလျက်ရှိသော Composition & Strength ဆေးနှင့် ဆင်တူ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု   DRC No. မပါရှိသည့် Parbisur အမည်ဖြင့်   ဆေးဝါးများ ရောင်းချနေသည့် အတွက် စားသုံးသူများ များစွာနစ်နာနိုင်သောကြောင့် ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်းမှ ပပျောက်စေရေးတို့အတွက် အသိပညာပေး  ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)