ဘိုကလေးမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဘိုကလေး မတ် ၁၇

တပ်မတော်၏ ဂုဏ်၊ ဒြပ်များနှင့် ကျေးဇူးတို့အား ကျောင်းသား/သူများ သိရှိနားလည်နိုင်ရေး အတွက် ယနေ့မွန်းတည့် (၁၂)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အတွဲ(၂)ဘာသာရပ် ဖြေဆိုပြီးစီးသော ကျောင်းသားများအား ဘိုကလေးမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်း စာစစ်ဌာနများသို့ သွားရောက်၍ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အား(၁၀)ပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၉၄၇)ခုနှစ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်နှင့် တပ်မတော်၏ ဂုဏ်၊ ဒြပ်များအား ရေးသားဖော်ကျုးထားသည့် ဆောင်ပုဒ်၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းတို့အား ပြည့်စုံစွာ ထည့်သွင်းအသိပညာပေးထားကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)